''မေတ္တာဆိုသည်''
တကယ်စစ်မှန်တဲ့ မေတ္တာကို ထားနိုင်ရင် ဆက်ဆံရေးလည်း အဆင်ပြေမယ်။
ကိုယ့်ရဲ စိတ်နေသဘောထား မြင့်မြတ်မှုလည်း ဖြစ်ခွင့်ရမယ်။
စိတ်လည်းချမ်းသားမယ်။
နှောင်ကြိုးမပါပဲ ဘာမှပြန်ပြီးမမျှော်လင့်တဲ့ စေတနာနဲ့ သူများအကျိုး အများအကျိုးကို ဆောင်ရွက်နိုင်ရင် အဲဒီလွတ်လပ်တဲ့မေတ္တာဟာ အင်မတန် အားကောင်းတဲ့ဆေးဖြစ်တယ်။
လွှမ်းမိုးချင်တဲ့စိတ်၊ အနိုင်ယူချင်တဲ့စိတ်၊ ကျေးဇူးအတင်ခံချင်တဲ့စိတ်၊
ကျေးဇူးရှင်ဖြစ်ချင်တဲ့စိတ်၊ ကိုယ့်အပေါ်မှာ သံယောဇဉ် ကြီးစေချင်တဲ့စိတ်နဲ့ သူများကိစ္စတွေကို လိုက်လုပ်ပေးနေရင်တော့ စေတနာမမှန်တဲ့အတွက် စိတ်ဆင်းရဲရမယ်။ စိတ်ချမ်းသာမှုနဲမယ်။
🎋🎋🎋🎋🎋🎋🎋🎋🎋🎋
Comments
Post a Comment